What is Dèjà Vu??
Dèjà Vu ဆိုတာ ဘာလဲ??
ငါဒါကြီးကိုလုပ်ဖူးသလိုပဲ 🤨
ဒီနေရာကြီး ရောက်ဖူးသလိုပဲ 😐
အခန်းတစ်ခန်းထဲ ဝင်လိုက်တယ်။
ရုတ်တရတ်ကြီး
"ဟ၊ ငါဒီအခန်းထဲရောက်ဖူးသလိုပဲ"
အမှန်တစ်ကယ် တစ်ခါမှ
မရောက်ဖူးသေးတာသိပေမယ့် ကိုယ့်မှာ ရောက်ဖူးနေတယ်ဆိုတဲ့ ခံစားချက်မျိုး လူတိုင်းဖြစ်ဖူးလောက်မယ်ထင်ပါတယ်။ ✨
ထိုကဲ့သို့ဖြစ်စဉ်မျိုးကို "Dèjà Vu" လို့ခေါ်ဆိုကြပါတယ်။ ပြင်သစ်စကားလုံးဖြစ်ပြီး
အဓိပ္ပာယ်ကတော့ "Already Seen"
ဖြစ်ပါတယ်။
အကုန်လုံးနားလည်နိုင်အောင် အလွယ်ဆုံးရေးပေးမှာမို့ Details သိချင်သူများအတွက် Link ချပေးထားပါမယ်။ 🤍✨
ဘာကြောင့်ဖြစ်တာလဲ?? 🧐❓
အခုချိန်အထိ Dèjà Vu နဲ့ ပတ်သက်ပြီး 100% တိတိကျကျအဖြေရယ်မရှိသေးပါဘူး။
ဆေးပညာပိုင်းအရ Dèjà Vu ဟာ
များသောအားဖြင့် Stress များတဲ့အခါ၊ Mentally Tired ဖြစ်နေတဲ့အခါ မျိုးတွေမှာ အဖြစ်များပါတယ်။ အိပ်ရေးမဝတဲ့အခါ ၊
အိပ်ချိန် မမှန်တာများလာတဲ့အခါမှာလည်း
ဖြစ်တတ်ပါတယ်။ ဦးနှောက်ဟာ အာရုံကြောအားနည်းနေတဲ့အချိန်မှာ လက်ရှိဖြစ်ပျက်နေတဲ့
အရာ ကို မှတ်ညဏ် (သို့) ဖြစ်ပျက်ပီးတဲ့အရာတစ်ခုအဖြစ် မှားယွင်းစွာ သိမ်းဆည်းမိတဲ့အခါမျိူး မှာ ဖြစ်တတ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ဟာ အရာအားလုံးကို
မှတ်မိနိုင်စွမ်းမရှိပါဘူး၊ ဒါပေမယ့် ဦးနှောက်ရဲ့
မသိစိတ်တစ်နေရာမှာတော့ အရာအားလုံးကို
အသေးစိတ်ကအစ မှတ်ထားပါတယ်။
ဥပမာ - ၅ နှစ်သားအရွယ်က အမျိုးအိမ်
တစ်အိမ်ကိုသွားခဲ့သည်ဆိုပါဆို့၊ အမျိုးအိမ်က
အခန်းတစ်ခန်းထဲကို အကြောင်းရင်းတစ်ခုခုကြောင့် ဝင်ရောက်ခဲ့တယ်။ အခန်းထဲမှာက
ဗီရို တစ်ခု ရယ် စားပွဲခုံနဲ့ ကုလားထိုင်တွေရှိနေ
မယ်။ အခန်းထဲကို လေးတဖြူးဖြူး
တိုက်ခတ်နေတဲ့ ပြတင်းပေါက်လေးလည်းရှိနေမယ်။ ဒါပေမယ့် ကိုယ်က ထိုအရာတွေရဲ့ အသေးစိတ်က်ို နောက် ၁၀ နှစ်အကြာ
မှတ်မိနိုင်စွမ်းရှိမှာ မဟုတ်တော့ပေမယ့်၊
ဦးနှောက် ရဲ့ မသိစိတ်တစ်နေရာမှ သိမ်းဆည်းထားပါတယ်။
နောက် ၁၀ နှစ်အကြာမှာ ကိုယ် က ရုပ်ရှင် ဇာတ်ကား တစ်ကားကြည့်နေမယ်၊ ဇာတ်ကားထဲက အခန်းတစ်ခုက ၅ နှစ်အရွယ်က မြင်ဖူးတဲ့အခန်းနဲ့ တူနေတဲ့အခါ..
" ငါ ဒီနေရာကြီးမြင်ဖူးနေသလို၊ ကြည့်ဖူး
သလို ဖြစ်နေပါလား"
အမှန်တစ်ကယ်က တစ်ခါမှမကြည့်ရသေးပါ။မကြည့်ရသေးမှန်း လည်းသိနေတယ်။
ဦးနှောက်က Data Recovery လုပ်သလို
အရင်က Data ကို ပြန်ခေါ်သလိုဖြစ်သွားတဲ့
သဘောပါ။
"MULTIVERSE နဲ့ဆိုင်လား? "
PARALLEL Universe နဲ့ကော?? ❓❓
❗️စာရေးသူအနေနဲ့ကတော့ ဒီအချက်ကို
တွေးစရာအဖြစ် သာ မှတ်ယူစေချင်ပါတယ်
Multiverse နဲ့ ပတ်သက်ပြီး မေးခွန်းတွေကတော့ရှိစမြဲပါပဲ..
-မတူညီတဲ့ Universe နှစ်ခုရဲ့ ဆက်သွယ်မှုများလား။??
တကယ်တော့ ဒီအဖြေဟာ အခုထက်ထိ
မသေချာမရောရာသေးပါဘူး။
ကျွန်တော်တို့လူသားတွေ ကို လေလှိုင်း
နှင့်ဥပမာပေးနိုင်ပါတယ်။
Nobel ဆုရရှိခဲ့တဲ့ Steve Weinberg ရဲ့ပြောကြားချက်က ဒီအချက်ကိုအများကြီးထောက်ပြပါလိမ့်မယ်။
"Radio တစ်လုံး နဲ့ ဥပမာထားတွေးကြည့်ပါ။
အကယ်လို့သင်ဟာ သင့်အခန်းထဲက Radio နဲ့
BBC channel ကို ဖမ်းယူကာ နားထောင်နေ
တယ်ဆိုပါစို့။ ထိုအခါ Radio က Frequency တစ်မျ်ိုးတည်းကိုပဲ ဖမ်းယူထားတာဖြစ်ပါတယ်။ တကယ်တော့ သင့်အခန်းထဲမှာ Frequency များစွာရှိပါတယ် ၊ ( Shwe FM, Mandalay FM,.......)အစရှိသဖြင့် Frequency ပေါင်း များစွား သင့်အခန်းထဲမှာ
တုန်ခါနေလျက်ရှိနေကြပါတယ်။ ဒါပေမယ့်
သင်ဟာ ထို Frequency တွေကို နားထောင်ဖို့အတွက် ကြားခံ Radio ဆိုတဲ့ လှိုင်းဖမ်းယူပေးတဲ့အရာကို အသုံးပြုရပါတယ်။ "
ဘယ်လိုလဲ❓
တွေးစရာလေး ရသွားတယ်မလား?🤍✨
အဲ့လိုပါပဲ Universe နှစ်ခုကလည်း
တစ်နေရာတည်း ၊ တစ်ခန်းထဲမှာပဲ အတူတူရှိနေနိုင်မှာပါ။ Radio လှိုင်းတွေလို တစ်ခုနဲ့ တစ်ခု
ကြားဖြတ်ခြင်းမရှိဘဲ အတူတူ ရှိနေလျက်။
ဘာလို့ Radio က Frequency အားလုံးကို ဖမ်းလို့မရတာလည်းဆိုရင် Radio က Decohered လို၊ Filter လုပ်ပေးတဲ့သဘောနဲ့ပါ။
Decohered အကြောင်းပြောရင် Quantum Physics ပိုင်းရောက်သွားမှာမို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။
Thankz
ReplyDelete