ဂြိုလ်တွေရဲ့အကွာအဝေးကို ဘယ်လိုတ်ိုင်းတာကြတာလဲ??

ဂြိုလ်တွေရဲ့အကွာအဝေးကို ဘယ်လိုတ်ိုင်းတာကြတာလဲ??

         Astronomer တွေဟာ ကျွန်တော်တို့ galaxy အတွင်းမှာရှိတဲ့ကြယ်တွေဂြိုလ်တွေကို Stellar parallax ဆိုတဲ့ တွက်နည်းကိုအသုံးပြုပြီး သိနိုင်ပါတယ်။

                   မျက်စိတစ်ဖက်ကိုမှိတ်ပြီး ထောင်ထားတဲ့လက်ညှိုးကို ကြည့်ကြည့်ပါတစ်ဖန် အဲ့လက်ညှိုးကို နောက်မျက်စိတစ်ဖက်ပိတ်ပြီးပြန်ကြည့်ကြည့်ပါ မျက်စိတစ်ဖက်နဲ့တစ်ဖက်ရဲ့ အကွာအဝေးက သုံးလက်မလောက်ပဲရှိပါတယ်  လက်ညှိုးကို ဘယ်ဘက်မျက်စိနဲ့ကြည့်တာနဲ့ညာဘက်မျက်စိနဲ့ကြည့်တာရဲ့ ဆုံမှတ်ကလက်ညှိုးပါ ဒီအခါ တြိဂံတစ်ခုကိုရပြီမို့ အကွာအဝေးနှစ်ခုဆုံတဲ့နေရာရဲ့ ထောင့်degrees ကိုရှာတွက်ပါတယ် အဲ့ဒီကနေ တကယ့်အကွာအဝေးထွက်လာပါတယ်။


             ဒီလိုသဘောတရားအတိုင်းပဲ တစ်ခြား ဂြိုလ်တွေရဲ့ အကွာအဝေးကိုတိုင်းမယ်ဆိုရင် နေကိုလှည့်ပတ်နေတဲ့ ကမ္ဘာရဲ့ august (တစ်ခြားလ‌တွေနဲ့လည်းတွက်နိုင်) လက ရှိခဲ့တဲ့ နေရာနဲ့ February လမှာရှိခဲ့တဲ့နေရာရဲ့အကွာအဝေးကိုယူ အမြင်အကွာအဝေးနှစ်ခုဆုံတဲ့ထောင့်ကိုတွက်ချက်ပြီး တကယ့်အကွာအဝေးအစစ်ကိုပြန်လည်တွက်ချက်ပါတယ်။ ဒီနည်းဟာ အလွန်ရှုပ်ထွေးပေမယ့် scientist တွေဟာ အထက်တန်း Maths နည်းတွေနဲ့တောင် ကြယ်တွေရဲ့အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။ဒီလောက်ဆို အကြမ်းဖျင်းတော့နားလည်သွားကြမယ်ထင်ပါတယ်


#စာများအားပြန်လည်ကူးယူခွင့်မပြုပါ။


Comments

Popular posts from this blog

First, Second and Third Dimensions ✨

ISS ( International Space Station) အကြောင်း