First, Second and Third Dimensions ✨
Dimension တွေအကြောင်း
Dimension တွေဟာ ဆယ့်တစ်ခုရှိပြီး စကြ၀ဠာတွေဟာ ဆယ်တစ်ခုမြောက် dimension ထက်ပိုလာရင်မတည်ငြိမ်တော့တဲ့အတွက် မတည်ရှိနိုင်ပါဘူး။ ဒီအကြောင်းကို fact တစ်ခုနဲ့ ကျွန်တော်တို့ Metanoia Entertainment Myanmar ကတင်ဆက်ပြီးဖြစ်ပါတယ်။
အခု ကျွန်တော်တို့ စာရွက်ပေါ်မှာ တွက်ချက်လိုရသမျှ Dimension တွေအကြောင်းလေ့လာရအောင်။
-ပထမ ၊ ဒုတိယ နဲ့ တတိယ Dimension အကြောင်း၊
ပထမ Dimension ဆိုတာရှင်းပါတယ် မျဉ်းကြောင်းလေးတစ်ကြောင်းနဲ့ Universe ပါ အရှေ့နဲ့အနောက်ပဲ ရွေ့လျားလို့ရပါတယ်။
ဒုတိယ dimension မှာတော့ အရှေ့အနောက်အပြင် တောင်ရယ်မြောက်ရယ်ရွေ့လျားလိုရပါပြီ။ ဖုန်းscreen မှာမြင်ရတဲ့ပုံရိပ်တွေ ဓာတ်ပုံတွေ ပန်းချီတွေဟာ ဒုတိယ dimension ပါ။
တတိယ dimension ကတော့ ကျွန်တော်တို နေထိုင်နေတဲ့ Newton World ပါ အရှေ့အနောက် တောင်မြောက်အပြင် အမြင့်ရယ်အနက်ရယ်ပါ လာပါပြီ။ ပြောရရင် စိတ်ကြိုက်လိုသလို 360 degrees ရွေ့လျားနိုင်ပါတယ်။
4th Dimension - Time!!!
အချိန်ပါ ဟုတ်ပါတယ် ကျွန်တော်တို နေတဲ့စကြ၀ဠာဟာ 4th dimensional universe ပါ စာရွက်ပေါ်မှာ တွက်လိုရသေးသလောက်ပေါ့ လူတွေဟာ အခုထိ အချိန်ကိုမထိန်းချုပ်နိုင်သေးတဲ့အတွက် ကျွန်တော်နေထိုင်ရာ Earth ကို Newton World လိုသတ်မှတ်ရခြင်းဖြစ်ပါတယ်။
အကယ်၍ ကျွန်တော်တိုသာ 4th Dimension မှာနေထိုင်မယ်ဆိုရင် အတိတ် အနာဂတ် ကြိုက်တဲ့နေရာကိုသွားနိုင်မှာဖြစ်ပါတယ် စဉ်းစားကြည့်ရင်လွယ်ပါတယ်၊ ကျွန်တော်တို 3rd dimension မှာ 360 degrees ကြိုက်သလိုရွေ့လျားနိုင်သလိုမျိုးပဲ 4th dimension ဖြစ်တဲ့အချိန်ကိုကြိုက်သလိုထိန်းချုပ်နိုင်မှာပါ။
Comments
Post a Comment