ISS ( International Space Station) အကြောင်း
ISS(INTERNATIONAL SPACE STATION)အကြောင်း
ဒီတစ်ပါတ်ရဲ့ ဆောင်းပါးမှာတော့ Earth ရဲ့ ပတ်လမ်းထဲမှာရှိနေတဲ့ ISS အကြောင်း ရေးပါမယ်ဗျ။
ISS ရဲ့ ပထမဆုံးအစိတ်အပိုင်းကို 1998 November လမှာ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒီအစိတ်အပိုင်းရုရှားပိုင် အစိတ်အပိုင်းဖြစ်ပါတယ်။ လွှတ်တင်ခဲ့ပြီး နှစ်ပတ်အကြာမှာတော့ အဲ့သည် အစိတ်အပိုင်းဟာ Earth ပတ်လမ်းထဲကိုအောင်မြင်စွာရောက်ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လူသားနေထိုင်နိုင်ရန်အတွက် ၂ နှစ်ကြာသည်ထိနိုင်ငံပေါင်းစုံမှအစိတ်အပိုင်းများစွာကို လွှတ်တင်ခဲ့ပြီး 2000ခုနှစ် November လမှာ လူစတင်ဆင်းသက်နိုင်ခဲ့ကာ 2010 ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ISS အပေါ်သို ယခုအချိန်ထိ အာကာသယာဉ်မှုးပေါင်း 65 ယောက် ထိ သွားရောက်နိုင်ခဲ့ကာ ၎င်းဟာ လူ ခြောက်ယောက် နေထိုင်နိုင်ပါတယ်။
ISS ရဲ့ အကျယ်ဟာ ၎င်းရဲ့ solar ပြားအပါအဝင်ထည့်တွက်မယ်ဆိုရင် ဘောလုံးဝင်တစ်ကွင်းစာလောက်ကျယ်ပြီး ၎င်းရဲ့ ထုထည်ဟာ Boeing 747 Jetliners နှစ်စီးစာ ကြီးမားပါတယ်။
ISS ဟာ ကမ္ဘာကို မိနစ်90တစ်ကြိမ် လည်ပတ်နေပြီး 24 နာရီလျင် နေထွက်ချိန် တစ်ဆယ့်ခြောက်ချိန်နဲ့နေဝင်ချိန် တစ်ဆယ့်ခြောက်ကြိမ် မြင်တွေ့ရပါတယ်။
ISS ရဲ့ ဘေးနှစ်ဖက်က ဆိုလာပြားတွေဟာ နေစွမ်းအင်ကိုစုပ်ယူကာ ၎င်းအတွင်း လျှပ်စစ်စွမ်းအင်ရစေပြီးလည်ပတ်စေပါတယ်။ NASAဟာ ISS အတွင်းအာကာသ ပိုင်းဆိုင်ရာလေ့လာစမ်းသပ်မှုတွေကိုပြုလုပ်ရုံသာမက ISS အတွင်းနေထိုင်ခဲ့ဖူးတဲ့သွားနိုင်ဖို ပထမခြေလှမ်းတစ်ခုဖြစ်ပါတယ်။
အာကာသယာဉ်မှုးတွေကိုပါ ၎င်းတိုရဲ့ Body mechanism ပြောင်းလဲမှုတွေကိုပါလေ့လာပါတယ်။ISS ဟာ အာကာသတွင်း စမ်းသပ်လေ့လာရေးစခန်းတစ်ခုဖြစ်ပြီး ၎င်းရဲ့ အရေးပါမှုဟာ NASA ရဲ့ ဦးတည်ချက်ဖြစ်တဲ့တစ်ခြား သက်ရှိရှင်သန်နိုင်တဲ့ ကမ္ဘာဆီ အရောက်သွားနိုင်ဖို့ပထမဆုံးခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။
Comments
Post a Comment