9th, 10th and 11th Dimensions ✨

9th, 10th and 11th Dimensions


9th Dimension အကြောင်း



            ဒါကတော့တကယ်ထူးဆန်းတာပါ 9th dimension ကိုဥပမာပေးရရင် ကျွန်တော်တို လူသားတွေနေထိုင်နေတဲ့ Earth မှာ တစ်ခြား planet ကလာ‌တဲ့ ဂြိုလ်သားမျိုးနွယ်များစွာဟာ အရေအတွက် infinite နဲ့ ‌တစ်ခုနဲ့တစ်ခု တည်ရှိနေတာကိုမမြင်နိုင်မကြားနိုင် မသိနိုင် ဘဲ နေထိုင်နေတာမျိုးပါ။

အကယ်၍ သင်ဟာ 9th dimension ကိုမြင်နိုင်မယ်ဆိုရင် လူသားတွေနဲ့ ဂြိုလ်သားတွေ တစ်ချိန်ထဲ တစ်နေရာထဲမှာ တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ မသိမကြားနိုင်ဘဲ အတူ တကွနေထိုင်နေတာကိုမြင်ရမှာပါ ။ 9th dimension ထဲမှာ နေထိုင်နေတဲ့ လူဟာ ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာ ကြိုက်တဲ့ Universe မှာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုမရှိဘဲ သွားလာနိုင်မှာပါ ဒီမှာတစ်ခုထဲသော ကွဲပြားချက်က 9th dimension ထဲက လူသွားလာနိုင်တဲ့ Universe တွေ မှာ အဲ့ဒီ Universe တွေ အတွက်သီးသန့် Physical laws တွေရှိနေမှာပါ။



10th dimension အကြောင်း 



           ကဲလာပြီ။စောစောက ပြောသွားတဲ့ အကြောင်းတွေထဲ သွားလာနိုင်တာပဲပါသေးတာပါ။ အခုပြောမှာကတော့ စောစောက Dimension တွေကိုထိန်းချုပ်နိုင်တာပါ။ အကယ်၍ သင်ဟာ 10th  Dimension  ထဲဝင်ရောက်နိုင်မယ်ဆိုရင် အရာအားလုံးကိုထိန်းချုပ်နိုင်မှာပါ။ 

        ဒါ့အပြင် အပေါ်မှာပြောခဲ့တဲ့ Dimension  တွေထဲကဖြစ်နိုင်ချေinfinite ရှိတဲ့ဖြစ်တည်မှု infinite ဟာတစ်နေရာထဲမှာသွားစုတာဖြစ်ပြီး10th  Dimension  ထဲကလူဟာ ဖန်ဆင်းရှင်သဖွယ်ဖြစ်နေမှာပါ။ ၎င်းဟာ စွမ်းအားအင်မတန်ကြီးမားတဲ့ Being ကြီးဖြစ်နေမှာပါ ၎င်းဟာ physical form ရော 9th  Dimension ကလို physical မရှိတဲ့ form အနေနဲ့ပါ multiverse တွေအတွင်းခြယ်လှယ်နိုင်ပါတယ်။ အဲ့တာတင်မကသေးပါဘူး အဲ့ဒီ့  Dimension  ထဲက ဖြစ်တည်မှု infinite ဟာ သင်စိတ်ကူးနိုင်သမျှဖြစ်နိုင်ပါတယ် ဒီစာရေးတဲ့ကောင် ပါဝါရိန်းဂျားကားကြည့်တာများပြီးရူးသွားပြီလားမအောက်မေ့ပါနဲ့ တကယ်ကြီးပါ။

Scientist တွေက ဖန်ဆင်းရှင်ဟာ ဒီ  Dimension ထဲမှာ ရှိတယ်လို ယူဆပါတယ်။



11th dimension အကြောင်း 



        ဒီဟာမပြောခင် သိထားစရာတစ်ခုရှိပါတယ် ကျွန်တော်တို စကြ၀ဠာ ဟာ electrons, quarks, neutrinos အစရှိတဲ့ subatomic particles တွေနဲ့ ဖန်တီးထားတာဖြစ်ပြီး အဲ့တာတွေဟာ ကျွန်တော်သိထားသလို အစက်လေးတွေ မဟုတ်ပါဘူး ကြိုးတွေပါ အဲ့တာကြောင့် Dimensions တွေကိုဖော်ထုတ်နိုင်တဲ့ theory ကို string theory လိုခေါ်တာပါ။ 

        String theory အရ 11th dimension အထိပဲရှိတယ်လိုဆိုပါတယ် ဒါပေမယ့် bosonic string theory အရ 26th dimension အထိ ရှိပါတယ် ဒါပေမယ့် theoretical Physicsists တွေက စကြဝဠာတွေဟာ ၎င်းတိုရဲ့ တည်ငြိမ်စွာတည်ရှိနေမှုအတွက် 11th dimension အတွက် ပိုလိုမရဘူးလို ယူဆကြပါတယ်။

         ဒီ 11th dimension  မှာ စိတ်ကူးယဉ်လို ရတဲ့ အရာတွေ ရော စိတ်ကူးယဉ်လိုမရတဲ့အရာတွေပါ ဖြစ်နိုင်ပါတယ်။ String Theory ကို ထည့်ပြောရတဲ့အကြောင်းအရင်းကတော့  စကြဝဠာတွေကို ဖန်တီးတဲ့ subatomic particles တွေက 11th dimension ကနေဖြစ်ပေါ်လာတယ်လို ယူဆကြပါတယ် ။

        တစ်ချိုကလည်း 10th လို ယူဆကြပါတယ် Michio Kaku ဆိုတဲ့ American theoretical Physicist ကတော့ Multiverse ဟာ11th dimensionl ဖြစ်တယ်လိုဆိုပါတယ် 11th dimension  အကြောင်းကို scientist တွေဟာ ဘယ်လိုမှန်းသေချာမသိရှိကြသေးပါဘူး။ 11th dimension  ဟာ space dimension 9 ခုနဲ့ Time dimension တစ်ခု‌ပါဝင်တယ်ဆိုတာပဲသေချာသိရှိကြသေးတာပါ။


ဒီစာအရှည်ကြီးကို ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ 💛🤍

ပုံမှန်ဆို Youtube ကြည့်လိုက်ရင်ရပေမယ့် ကျွန်တော်တို page က "content" တွေဆောင်းပါးတွေကို အစဉ်မပြတ် ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

စာကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ် နောက် တစ်ခါမှာရေးမယ့် ဆောင်းပါးတွေကိုလည်းစောင့်မျော်ပေးကြပါဦးခင်ဗျား။

Comments

Popular posts from this blog

First, Second and Third Dimensions ✨

ISS ( International Space Station) အကြောင်း

ဂြိုလ်တွေရဲ့အကွာအဝေးကို ဘယ်လိုတ်ိုင်းတာကြတာလဲ??