5th , 6th , 7th and 8th Dimensions ✨

Fifth , Sixth , Seventh and Eighth Dimensions

                     ကဲအခု ငါးခုမြောက် Dimension အကြောင်းမပြောခင်တစ်ခုသိထားရမှာက ကျွန်တော်တို့လူသားတွေဟာ 5th ကနေ 11th dimension ထိ ရှိတယ်ဆိုတာကို သိပဲ သိနိုင်ပြီးဘယ်လိုသဘောမျိုးရှိလဲနားလည်နိုင်မှာမဟုတ်ပါဘူး။ အပေါ်မှာပြောထားသလိုပဲ 4th dimensional universe မှာနေထိုင်နေရတဲ့အတွက်ကြောင့်ပါ၊ ဒီအချက်ကိုသတိပြုစေချင်ပါတယ်။  

5th Dimension နဲ့ 6th Dimension အကြောင်း။


        ဒီdimension နှစ်ခုကို စဉ်းစားကြည့်ရရင် ကျွန်တော်တို့ဟာ 4th dimension ကိုပြန်သွားရပါမယ်၊ Dimension လေးခုပေါင်းထားတဲ့ universe ကို တွင်းတစ်ခုအဖြစ်တွေးထားကြည့်ပါ၊ အဲ့တွင်းထဲကို ပုရွက်ဆိတ်တစ်ကောင်က ၀င်သွားတယ်ဆိုပါစို့ အဲ့ဒီပုရွက်ဆိတ်ဟာ အချိန် အမြင့် အရှည် အနံ စတာတွေကို လိုသလိုထိန်းချုပ်နိုင်ပါမယ်လူသားတွေသာ 5th dimension ထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်နိုင်မယ်ဆိုရင် ထိုလူဟာ အချိန်ကိုအပြည့်အဝထိန်းချုပ်နိုင်တာအပြင် သူဖြစ်ချင်တဲ့အရာဖြစ်လို့ရနိုင်ပါတယ် ဆရာဝန် ဖြစ်မလား ရေပိုက်ဆရာလုပ်မလား ဒါမှမဟုတ် အဲ့ဒီ 4th dimensional တွင်းထဲကနေရာတော်တော်များများမှာ တစ်ချိန်ထဲရှိနေချင်လား စသည်ဖြင့် အချိန်ရော သူ့ရဲ့ ဖြစ်တည်မှုကိုပါထိန်းချုပ်နိုင်ပါပြီ။ အခု 6th dimension အကြောင်းပါ စောစောက ပြောခဲ့တဲ့ 4th dimensional တွင်းထဲက ပုရွက်ဆိတ် လိုပါပဲ ဒါပေမယ့်ဒီတစ်ကောင်ကြ ယင်ကောင် ဆိုလိုတာက အဲ့တွင်းထဲမှာပုရွက်ဆိတ်က လုပ်ဆောင်နိုင်တာတွေကို upgrade လုပ်ပေးတဲ့သဘောပါ၊ 6th dimension ထဲက သက်ရှိဟာ သူဖြစ်ချင်တဲ့ ပုံစံ သူရှိနေချင်တဲ့ အချိန်ကာလ နေရာ တွေများစွာမှာ တစ်ပြိုင်နက်တည်း တည်ရှိနေနိုင်တာပါ  ဆိုလိုတာက ခင်ဗျားဟာ ဟစ်တလာ ဖြစ်နေတဲ့တစ်ချိန်တည်းမှာ အနာဂတ် Mars ဂြိုလ်သား ဖြစ်ချင်ရင် ဖြစ်အောင်လုပ်နိုင်မယ် အဲ့ဒီ ဖြစ်တည်မှု နှစ်ခုအကြားမှာ မှ ခင်ဗျားဟာ တစ်ခြား အချိန်ကာလက တစ်ခြားသက်ရှိ‌တစ်ကောင် ဖြစ်ချင်ရင် ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒီ 6th Dimension ဟာ Quantum World နဲ့အတော်လေးသွားဆင်ပါတယ်Quantum World ဟာလည်းပဲ ဖြစ်တည်မှုမြောက်များစွာဟာ တစ်ချိန်တည်းမှာ ဖြစ်တည်နေတာပါ။ ဒီ 6th dimension မှာ parallel universe စပါပြီ တစ်နည်းအားဖြင့် Multiverse ပေါ့ ဒါပေမယ့် ခင်ဗျားဟာ ကျွန်တော်တို့Universe ရဲ့ အစ ( Big Bang )ချင်းတူတဲ့ Universe တွေမှာပဲ သွားလာနိုင်ပါတယ် ဖြစ်ချင်တဲ့ အရာဖြစ်နိုင်တယ်ဆိုတာကလည်း ကျွန်‌တော်တို့ universe နဲ့ အစချင်းတူတဲ့ universe ‌တွေထဲက အရာ တွေပဲ ဖြစ်နိုင်တာပါ။ဒီမှာ 6th dimension ရဲ့ limit ပြည့်သွားပါပြီ။ 


           


7th Dimension အကြောင်း



              ဒီမှာလည်း Parallel universe ဆက်လက်ပါဝင်နေပါသေးတယ် Multiverse တွေ ကူးပြောင်းသွားနိုင်တာဒီကစတာပါ။ 7th dimension မှာ universe တွေဟာ ဖြစ်နိုင်ချေ ပေါင်း infinite ပါ။ တကယ်လို့ သင်ဟာ 7th dimension ထဲဝင်ရောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ချေ များစွာ ရှိတဲ့ Universe ပေါင်းမြောက်များစွာကို ကူးပြောင်းသွားလာနိုင်ပါပြီ။ 7th dimension နဲ့ 6th dimension ကွာတာကတော့ 6th dimension မှာ ကျွန်တော်တို့ universe နဲ့အစတူတဲ့ universe ချင်းပဲ သွာလာလို့ရတာဖြစ်ပြီး 7th dimension ကတော့ အစတူတာရော မတူတာပါ ကြိုက်သလိုသွားလာလို့ရတာအပြင် 7th dimension ထဲကသူ ဟာ သူဖြစ်ချင်တဲ့ အရာဖြစ်နိုင်ပါပြီ။    Multiverse ထဲမှာအကယ်၍ Thanos တကယ်ရှိခဲ့ရင် Thanos ဖြစ်နိုင်ပြီ ဒီလိုဆိုလိုတာပါ။ Big Bang နဲ့စတဲ့ universe တွေထဲမှာတော့ Thanos မရှိနိုင်သေးဘူးလို့ စာရေးသူကတော့မြင်ပါတယ် (ရှိရင်လည်း အခုချိန် Earth population တစ်ဝက်ပဲရှိလောက်မယ်:3)  



      ❗❗     8th dimension အကြောင်းမပြောခင် သတိပြုစရာနှစ်ခုရှိပါတယ်၊ ဒီ dimension တွေအကြောင်းဟာ String Theory နဲ့ဖော်ထုတ်ထားတာဖြစ်ပြီး စာရေးသူပေးတဲ့ ဥပမာတွေကလည်း မြင်သာစေရန်သာဖြစ်ပါတယ်။

  



8th Dimension အကြောင်း  






                    String Theory အရ 8th dimension ထဲမှာ ဘယ်လို အရာမျိုးမဆို ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုမရှိပါဘူး။ Digital world လိုမျိုးပါပဲ 8th dimension ထဲကအရာကိုထိကိုင်လို့မရသလို အဲ့အရာကလည်း ထိလို့ကိုင်လို့မရပါဘူး။  8th dimension မှာ ဖြစ်နိုင်ချေ infinite ရှိတဲ့  Parallel Universe infinite ဟာ အဆုံးမရှိ ဆက်လက် ဆွဲဆန့်နေမှာပါ။ 

Comments

Popular posts from this blog

First, Second and Third Dimensions ✨

ISS ( International Space Station) အကြောင်း

ဂြိုလ်တွေရဲ့အကွာအဝေးကို ဘယ်လိုတ်ိုင်းတာကြတာလဲ??